Short Notes & Stories
This page contains short notes and stories about cultural mindset, thoughts, simple living, personal development & growth, and well-being. Most are written in Burmese.
ON THIS PAGE
The Science of How Habits Work
ဒီမှတ်စုတိုက Atomic Habits စာအုပ်ထဲကနေ ထုတ်နုတ်ပြီးရေးသားထားတာ ဖြစ်ပါတယ်။ အလေ့ကျင့်တခု အဓိကအားဖြင့် အဆင့် ၄ ခု ခွဲကြည့်လို့ရတယ်။ Cue, Craving, Response နဲ့ Reward ဆိုပြီး ရှိပါတယ်။

- Cue — (The Trigger): Habit Loop မှာ ပထမဆုံးအဆင့်ပါပဲ။ သူက အလေ့ကျင့်တခုကို စတင်ဖို့အတွက် ကိုယ့်ရဲ့ဦးနှောက်ကို စပြီးလှုံစော်ပေးတဲ့အရာလို့ ပြောနိုင်တယ်။ ဒါက Craving ကို ဖြစ်စေဖို့အတွက် ပထမ ခြေလှမ်းပါပဲ။
- Craving — (The Motivation): ဒီအဆင့်က ရိုးရိုးရှင်းရှင်းပြောရရင်တော့ အလေ့ကျင့်တခုကို လုပ်ဆောင်ဖို့အတွက် နောက်ဘက်က တွန်းအားပေးတဲ့အရာပါ။ တခုခုကို လိုချင်တောင့်တတယ်၊ လုပ်ချင်တယ်တဲ့စိတ် ဒီအဆင့်မှာ ဖြစ်တယ်။ အောက်က ဥပမာကို ကြည့်လိုက်ရင်တော့ ပိုရှင်းသွားပါလိမ့်မယ်။
- Response — (The Action): ဒီအဆင့်ကတော့ ရှင်းပါတယ်။ အလေ့ကျင့်တခုကို တကယ်လုပ်ဆောင်တဲ့ အဆင့်ဖြစ်ပါတယ်။
- Reward — (The Reinforcement): ဒါကတော့ နောက်ဆုံးအဆင့်ပေါ့။ ဒီဆင့်ကတော့ ကိုယ့်က Respone လုပ်လိုက်လို့ စိတ်ကျေနပ်မှု ရသွားတာမျိုးပါ။ ပြီးတော့ အဲလိုကျေနပ်မှုရသွားတာကြောင့် Cue ကို ပြန်ရောက်သွားပြီး နောက်ထပ် ဒီအလေ့ကျင့်ကို အကြိမ်ကြမ်ထပ်လုပ်ပါတယ်။ ကောင်းတဲ့အလေ့ကျင့်ပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ် ထပ်လုပ်ဖြစ်ပါတယ်။
ဥပမာဆိုရရင်
- Cue: ဖုန်းက Message ၀င်လာလို့ တုန်ခါပြီးအချက်ပေးပါတယ်။
- Craving: ပြီးတော့ ကိုယ်က အဲဒီ Message ဘာလဲဆိုတာ သိချင်စိတ်ပြင်းပြလာတယ်။
- Response: ဖုန်းကို ကောက်ကိုင်လိုက်ပြီး စာကို ဖက်ကြည့်လိုက်တယ်။
- Reward: ၀င်လာတဲ့ ဖုန်းထဲက Message ကို ဖက်ကြည့်လိုက်ရလို့ စိတ်ကျေနပ်မှု ရသွားတယ်။
အပေါ်က Habit Loop ကို ကောင်းကောင်းသဘောပေါက်ထားရင် အလေ့ကျင့်တွေ တည်ဆောက်တဲ့နေရာမှာ အများကြီး အထောက်ကူပြုပါတယ်။
ဒီနေရာမှာ Cue တွေက အလေ့ကျင့်တိုင်းမှာ အစပျိုးတဲ့ကောင်တွေ ဖြစ်ပါတယ်။ Cue တွေကို သတိထားကြည့်မယ်ဆိုရင် ကောင်းတဲ့အကျင့်တွေ တည်ဆောက်လို့ရသလို၊ မကောင်းတဲ့အကျင့်တွေကိုလည်း ဖယ်ရှာလို့ရနိုင်ပါတယ်။
ဥပမာ - ကိုယ်ရဲ့ဖုန်းမှာ Facebook က Notification ၀င်တိုင်း အမြဲ၀င်ကြည့်တတ်တယ်ဆိုရင် Noti ကို ပိတ်ထားတာမျိုး။ ကိုယ်က ညအိပ်ယာ၀င်တိုင်း ဖုန်းသုံးတတ်တယ်ဆိုရင် ဖုန်းကို အ၀ေးမှာ ထားလိုက်တာမျိုးက Cue တွေကို ဖယ်ရှားပစ်နိုင်တယ်။
What SRE Culture Really Means
SRE ရဲ့ တကယ်အနှစ်သာရကို ပြောမယ်ဆိုရင် အဖွဲ့စည်းတွေမှာ ကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တခု ဖန်းတီပေးဖို့ရယ် Software Systems တွေ မြန်မြန်ဆန်ဆန် ချောချာမွေ့မွေ့နဲ့ Run နိုင်အောင် အဲဒီ Systems တွေ ယုံကြည်စိတ်ချမှုရှိအောင် အဓိက ဦးတည်ပါတယ်။ SRE Engineer မှ မဟုတ်ပါဘူး အဖွဲ့စည်းနဲ့ အလုပ်လုပ်သူတိုင်းအတွက် ကျင့်သုံးနိုင်တယ်။
နှစ်ပိုင်းခွဲကြည့်နိုင်တယ်
- Cultural Mindset: ကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့ရယ် ချောချောမွေ့မွေ့လုပ်နိုင်အောင် ကူညီပေးတယ်။
- Tools: တွေက SRE သို့မဟုတ် DevOps ရဲ့ အလုပ်တွေ တနည်းအားဖြင့် Principles တွေ ရည်ရွယ်ချက်တွေ ပြည့်အောင် ပံ့ပိုးပေးတယ် ကူညီပေးတယ်။ (ဥပမာ - Automation လုပ်ဖို့ Tools တွေ သုံးတယ် )
"CI/CD tools/Cloud/Docker/Kubernetes တွေ သုံးတတ်ရင် ရပြီမဟုတ်လား"
လို့ မေးရင်ရတော့ရတယ် ဒါပေမယ့် ကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တော့ ဖြစ်မှာတော့မဟုတ်ဘူး။ Tools တွေလည်း သုံးတယ်ဖို့လိုသလို သူ့ရဲ့ SRE ရဲ့ Mindset ကို သေချာသိပြီး လက်တွေ့ကျင့်သုံးမှသာ ပိုပြီးပြည့်စုံပါမယ်။ ဒီအတွေးခေါ်တွေက အသင်းကောင်းတခု တည်ဆောက်ဖို့အတွက် အများကြီး အထောက်ကူပြုတယ်။
Blameless Culture အကြောင်းကို ဦးစားပေးပြီး ပြောချင်တယ်။ လူအများနဲ့ အလုပ်တူတူ လုပ်ပြီဆိုရင် အဆင်မပြေမှုတွေ၊ အမှားတွေ မလွဲမသွေ ကြုံရပါတယ်။ အဲဒီ အမှားတွေကို အပြစ်တင်တာကို လုပ်မယ့်အစား အခွင့်အလမ်း (Opportunity) လို့ ယူဆပြီး သင်ခန်းစာယူပြီး နောက်တကြိမ်မှာ ဘယ်လိုကာကွယ်မလဲဆိုတာ ပိုပြီးအားပေးတဲ့ Culture လို့ ပြောနိုင်တယ်။ အမှားလုပ်မိတဲ့သူ ဘက်ကကြည့်ရင် စိတ်ပိုင်းဆိုရင်အရ လုံခြုံတယ်လို့ ခံစားရတယ်။
ဥပမာ - ကိုယ်က Team တခုကို ဦးဆောင်နေတယ် ဆိုပါစို့။ အငယ်တယောက်က အမှားတခုလုပ်မိသွားတယ် ဆိုရင် လုပ်ဖို့ ရွေးချယ်စရာ နှစ်ခု ရှိတယ်။
- (1) သူ့ကို အပြစ်တင်ပြီး ဆူမှာလား။
- (2) ဒါမဟုတ် ဒီအမှားကို သင်ခန်းစာယူပြီး နောက်တကြိမ်မှာ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်သင့်လဲဆိုတာ အကောင်းဘက်ကနေ နည်းလမ်းပေးခြင်းဖြစ်ပါတယ်။
နံပါတ် ၂ က အမှားလုပ်သူဘက်က ကြည့်ရင် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံတယ်၊ အကောင်းဘက်ကို ပိုပြီးဦးတည်တယ်။ အသင်းတွေမှာ အပြန်လှန် ဆက်ဆံရေးကလည်း ပိုပြီးကောင်းမွန်နိုင်တယ်။
Why Small Habits are So Effective
အလေ့အကျင့်သေးသေးလေးတွေက ဘာကြောင့် ထိရောက်တယ်ဆိုတာ မပြောခင် Habit Stacking အကြောင်း အရင်ဆွေးနွေးကြည့်ရအောင်။ Habit Stacking ဆိုတာ အလွယ်ပြောရင်တော့ လက်ရှိအလေ့အကျင့်တစ်ခုပြီးရင် နောက်အလေ့အကျင့်အသစ်တစ်ခုကို စတင်လုပ်ဆောင်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။
Format:
After I do [CURRENT HABIT], I will do [NEW HABIT]
Example:
After watching the news every night, I read for 30 minutes.
Habit Stacking သည် ကိုယ့်အတွက်တော့ အတော်အဆင်ပြေပါသည်။ ဒီအလေ့အကျင့်လေးကို နေ့တိုင်းလုပ်တာက တစ်ပတ်ကို နှစ်နာရီ၊ သုံးနာရီ လုပ်တာထက် ပိုထိရောက်တယ်။ ဒီနည်းလမ်းကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီအကျင့်လေးတွေက သိပ်ပြီးထိရောက်မှုမရှိဘူးလို့ လူတော်တော်များများက ထင်မြင်ယူဆတတ်ကြပါတယ်။ ရလဒ်ကောင်းတွေ မထွက်လာဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တကယ်အလုပ်ဖြစ်ပါတယ်။
(1) Ease of doing
အလေ့အကျင့်လေးတွေက လူတိုင်းလုပ်ဖို့ လွယ်ကူပါတယ်။ အဲဒီအလေ့ကျင့်လေးတွေကို ကိုယ့်နေ့စဉ်လုပ်ရိုးလုပ်စဉ်တွင် အလွယ်တကူ ထည့်သွင်းနိုင်သည်။
(2) Consistency
အလေ့အထလေးတွေက ပိုပြီးတော့ တသမတ်တည်းလုပ်ဖြစ်စေတယ်။ ဒါကို ကြုံရာကျပန်းမလုပ်သင့်ဘဲ ပုံမှန်နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုအနေနဲ့ အလုပ်တစ်ခုပြီးရင် သင်ဘာလုပ်မယ်ဆိုတာကို သတ်မှတ်ထားသင့်ပါတယ်။ သိပ္ပံနည်းကျအရ နေ့စဉ်ပုံမှန်လုပ်ခြင်းသည် ကိုယ့်ရဲ့ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်က အလွန်အမင်းတွေးတောနေစရာမလိုဘဲ ဒီအချိန်တွင် လုပ်ရမည့်အလုပ်များကို သိနေသောကြောင့် ဖြစ်သည်။ ဦးနှောက်အတွက် ပိုအဆင်ပြေပါတယ်။ မဟုတ်ရင်တော့ ဦးနှောက်က ဘာလုပ်ရမယ်ဆိုတာ တွေးနေရတဲ့အတွက် အလုပ်တွေအများကြီး လုပ်နေရပါလိမ့်မယ်။
(3) Compound Effect
Compound Effect ကဘာလဲဆိုရင် နေ့စဉ်လုပ်ရိုးလုပ်စဉ်လေးတွေကို လုပ်ခြင်းအားဖြင့် အချိန်ကြာလာတာနဲ့အမျှ ရလဒ်ကောင်းတွေ ရလာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ရက်ကို 1% ပိုကောင်းအောင် လုပ်ပြီး၊ အချိန်ကြာလာတာနဲ့အမျှ ရလဒ်ကောင်းတွေ ရလာပါတယ်။ ဒါကို Atomic Habits စာအုပ်မှာ အဓိကဆွေးနွေးထားပါတယ်။
(4) Mentally it motivates you to do more
ဒီနေ့စဉ်အလေ့အကျင့်လေးတွေကို လုပ်ခြင်းအားဖြင့် သင်ဟာ သေးငယ်တဲ့ အောင်မြင်မှုလေးတွေ (Small wins) ခံစားရမှာဖြစ်ပြီး တစ်ခုခုကို သင်လုပ်ဆောင်ပြီးပြီဖြစ်ပြီး နောက်နေ့တွေမှာ ပိုမိုလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ နောက်တစ်ခုက အဲဒါက ကြီးကြီးမားမားမဟုတ်ပေမယ့် တစ်ခုခုလုပ်တိုင်း Dopamine ထွက်လာစေတယ်။ အဲဒါက စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပြီး ဆက်လက်လုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။